မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ

မလေးသျှားကဂိန်းစတားတစ်ယောက်ပုံပါ
Mr.aungmyo

Sunday 15 July 2012

အချစ်ဦးအတွက်ပါ


အလွမ်းတွေထုပ်ပိုးထားတဲ့ နှစ်ပတ်လည်လက်ဆောင်
နင့်ကို ငါပြန်ပေးလိုက်မယ်
တစ်နှစ်အတွင်း ငါပေးထားခဲ့တဲ့
နင်ပြန်လာမှာပါဆိုတဲ့ ယုံကြည်မှု သစ္စာတရားတွေ
အစားမထိုးနိုင်တဲ့ ကွက်လပ်နေရာတစ်ခု
အချိန်တိုင်း မဟုတ်တောင် တွေးမိတိုင်း နာကျင်ခဲ့ရတဲ့ နင့်ရဲ့ လမ်းခွဲစကားတွေ
ပြီးတော့ မသေနိုင်တဲ့ ငါ့ချစ်ခြင်းတွေ
ဒါတွေအားလုံး ငါ့အလွမ်းတွေနဲ့ လှလှပပ ထုပ်ပိုးထားတယ်
အားလုံးပြန်ပေးလိုက်ပါတယ်……
နောက်များအတွက် နှောင်ကြိုးမဲ့ ပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒတစ်စုံ နဲ့ဆိုပါတော့ …………
                      အောင်မျိုး......ဆက်လက်တင်ပြချက်။

တိုက်ဆိုင်တဲ့သူတွေခံစားကြပါ....



ကလေးမရေ
ငါဟာ ပန်းပျိုးသူမဟုတ် ခဲ့ပေမယ့်
ပန်းလှလှ မြတ်နိုးသူပါကွယ်---
အတ္တ ဆန်တဲ့ ငါ့နှလုံးသားနဲ့
မာနထန်တဲ့ မင်းနှလုံးသား
ဘယ်တော့များ၇ယ်မှ
တထပ်ထည်းကျနိုင်ပါ့မလည်း----

အတ္တကြီးတဲ့ င့ါနှလုံးသားက
မာနကြီးတဲ့ မင်းနှလုံးသားဆီကို
ချစ်တယ် ဆိုတဲ့ စကားလေးတခွန်းပို့ခဲ့ပေမယ့်
အပြုံးမုဒိတာ မပွားခဲ့ဘဲ
အမုန်းဥပေက္ခာ တွေထားခဲ့တယ်ပေါ့---

ငါ့အလွမ်း
ငါ့အချစ်
ငါ့နှလုံးသား
အရာရာ အားလုံးဟာ
မင်းရဲ့ အပြုံးမဲ့တဲ့
အမုန်းတရား မျက်လုံးထည်းမှာ
တွေ့လိုက်၇တဲ့ခဏ
ငါ့ကိုရူးသွပ်သွားစေခဲ့တယ်
                                           အောင်မျိုး....ဆက်လက်တင်ပြချက်.။

Wednesday 11 July 2012

သိ,,ကြည့်,,ညို,,

ထိုကဲ့သို့ဖြစ်လာလျှင် စိတ်မွန်းကြပ်မှုတွေဖြစ်လာပြီး အမှားနှင့်အမှန်မခွဲခြား နိုင်တော့ပဲ ဘဝဇာတ်သိမ်းတဲ့အခါ(သေသောခါ)၌ပင် စိတ်မဖြောင့်နိုင်၊လုံလောက်ကျေနပ်မှုမရှိ နိုင်တော့ပဲ..ငြိမ်းချမ်းမှုကိုမရှိနိုင်တော့ပါ.......သို့ပါသောကြောင့် ကျွန်တော်၏ဆရာ သင်ပေးလိုက်တဲ ''''ဘဝဗေဒ""ဆိုတဲ ကဗျာလေးကို သူငယ်ချင်းများအတွက်တင်ပေးလိုက်ပါတယ်..... ဒီစာသားလေးအတိုင်းသာအတတ်နိုင်ဆုံးနေထိုင်သွားလျှင် အထက်ပါဖေါ်ပြခဲသောအချက်များလျှော့နိုင်လိပ်မယ်ထင်ပါတယ်......
'''''''လူသားအားလုံး;''သိကြည့်ညှိ'''တရားလက်ကိုင်ထားပြီး ပျော်ရွှင်သောဘဝကိုတည်ဆောက်နိုင်ကြပြီး ဆန္ဒနှင့်ဘဝ တထပ်တည်းကြပါစေ.......................'''''''''''

အချစ်ဒသန

ငါနင့် ကိုချစ်တယ် နင်လည်းငါ့ ကို
ချစ်တယ်
အချစ်နဲ့ အချစ်ကို ပေါင်းစပ်လို့ 
ဘဝတစ်ခုကို ငါတို့ စမယ်.
မိုးရွာရင်ထီးမိုးပေးမယ်
နေပူရင်တော့ သစ်ရိပ်အောက်မှာနားမယ်
နေစရာမရှိရင်ထဲထိုးမယ်
ဘဝမှာ လစ်ဟာမူ့ မရှိအောင် 
ငါတို့ ကြိုးစားမယ်
မောင်ထမ်းရင် မယ်တစ်ရွက်
နင်ငတ်ရင် ငါလည်းငတ်မယ်
ဆိုးအတူကောင်းအဖက်
တစ်သက်စာငါတို့ ပေါင်းကြမယ်
ဖိနပ်တရံ
နင်တဖက် ငါတဖက်စီးမယ်
ဘဝလှေ
လှော်တစ်ခတ်စီ ခတ်မယ်
အချစ်ကို အဖော်ပြုလို့ ဘဝကို
စုန်ဆန်မြူးမယ်
ငါသေရင် နင်မငိုနဲ့ 
နင်သေရင် ငါလည်းမငိုဘူး
တရားဘာဝနာကို လက်ကိုင်ပြုလို့ 
သေချင်းတရားကို 
စိမ့် စိမ့် ရှူလို့  နင်နဲ့ ငါ အပြန်အလှန်
အမျှတွေဝေကြမယ်
သံသရာတစ်လျှောက် ဘယ်တော့ မှပြန်မမှတ်မိ
နိုင်တော့ တဲ့  ဘဝနှစ်ခုအတွက်
အပင်ပန်းခံ သစွာတွေမဆိုဘူး
လက်တွေ့ ဖြစ်တဲ့ 
ဒီဘဝမှာပဲ နင်နဲ့ ငါအချစ်ကြိုးတွေ
ဖောင်ဖွဲ့ ကြမယ်
ဘယ်တော့ မှ ရန်မပါတဲ့ အချစ်တွေနဲ့ ပဲ
ငါတို့ ထွက်သက်ရပ်တဲ့ အထိ
ဆက်ချစ်သွားမယ်
အနှောင်အဖွဲ့ တစ်ခုမှ မပါတဲ့ အချစ်တွေနဲ့ ပဲ
ဘဝကို ရဲရဲရင်ဆိုင်ကြမယ်
ငါပြောတာတွေကို
နင်လက်ခံနိုင်တယ်ဆိုရင်
ငါဘဝထဲ အချိန်မရွေးသာ
ဝင်ရောက်လာခဲ့ ......

ကြိုဆိုလျက်...........အောင်မျိုး

အချစ်ဦးရယ်...

အချစ်ကြောင့်စိတ်ညစ်တယ်...ရယ်တောင်မရယ်နိုင်ဘူး....

နင်စိတ်ချမ်းသာမယ်ဆို၇င်

ချစ်သူ..နင်ငါ့ကိုဂရုမစိုက်ပေမယ့်ငါကတော့နင့်ကိုအမြဲတန်ဖိုးထားနေမှာပါ..နင်ထားသွားလည်းငါကျေကျေနပ်စွာနဲ့နေခပြမှာပါ.ဘာဘဲဖြစ်ဖြစ်နင်စိတ်ချမ်းသာရင်ပြီးတာပါဘဲ။နောင်ဘ၀ရောက်ရင်ငါဟာနင်အရမ်းချစ်တဲ့ကောင်လေးဖြစ်ရပါစေလို့ဘဲငါတောင်းဆုချွေရင်း......

ပျော်ပျော်ပါးပါးကိန်းဂဏန်းလေးများ

၁၅ စက္ကန့်အတွင်း သင့်လက်ရှိအသက်ကို တွက်ချက်နိုင်တဲ့ သင်္ချာကစားနည်းလေးဖြစ်ပါတယ်။

(၁) ပထမဦးဆုံး (ဝ,၁,၂,၃,၄,၅,၆,၇,၈,၉) ထဲက ကြိုက်နှစ်သက်ရာ ဂဏန်းတစ်ခုကို ရွေးချယ်ပါ။
(၂) ရွေးထားတဲ့ ဂဏန်းကို ၂ နဲ့ မြှောက်ပါ။
(၃) ရတဲ့အဖြေကို ၅ ပေါင်းပါ။
(၄) ရတဲ့အဖြေကို ၅၀ နဲ့ထပ်မြှောက်ပါ။
(၅) ရတဲ့အဖြေကို ၁၇၆ဝ ထည့်ပေါင်းပါ။
(၆) နောက်ဆုံး ရလာတဲ့အဖြေကို ကိုယ့်မွေးနှစ်သက္ကရာဇ်ထဲက နုတ်ပါ။

နောက်ဆုံးသင်ရတဲ့ကိန်းက ရာဂဏန်းဖြစ်နေပါလိမ့်မယ်။ ရာဂဏန်းထဲက ပထမကိန်းဟာ စစချင်းသင်ရွေးခဲ့တဲ့ ကိန်းဖြစ်ပြီး ကျန်ကိန်းနှစ်လုံးက သင့်လက်ရှိအသက်ဖြစ်ပါတယ်။

မှန်ပါသလား? မှန်ရင် ကော်မန့်လေး ချခဲ့ပါ။ တိုးတိုးတိတ်တိတ် ခိုး ခိုး ထွက်မသွားပါနဲ့...း)
                                      အောင်မျိုး